မိမိ၏ ၀ါသနာ၊ ရည်မှန်းချက်များနှင့်
သက်ဆိုင်သည့် အလုပ်အကိုင်နယ်ပယ်ကို
ရွေးချယ်နိုင်ရန် လမ်းညွှန်မှုများကို လေ့လာပါ။
သင်တန်းများနှင့် ဆက်စပ်သည့်
အထောက်အကူစာတမ်းများနှင့်
အခြေခံဗဟုသုတများကို လေ့လာပါ။
ဤသင်တန်းတွင် သင်ကြားသူအနေဖြင့် လုပ်ငန်းခွင်နှင့် နေ့စဉ်ပတ်ဝန်းကျင်တွင် မရှိမဖြစ် လိုအပ်သည့် ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို လေ့လာသင်ကြားနိုင်မည် ဖြစ်သည်။
ယခုငွေကြေးသင်ခန်းစာမှာ အခြေခံငွေကြေးအသိပညာဖြစ်သည့် အသေးစားငွေကြေးစီမံမှု ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ရေးဆွဲထားတာဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ ယခုသင်ခန်းစာတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန် လိုအပ်သည့် အချက်အလက်များနှင့် နည်းပညာများကို မျှဝေပေးပြီး မှတ်သားသင့်သည်များကိုလည်း ဦးဆောင်ရှင်းပြသွားပါမည်။
ဤသင်ခန်းစာသည် ဆရာ၊ ဆရာမများအတွက် ရည်ရွယ်၍ ကျောင်းသူ၊ကျောင်းသားများကို ၂၁ ရာစု ပညာသင်စနစ်နှင့် ကိုက်ညီစွာ သင်ကြားနိုင်မည့်ထိရောက်သော သင်ကြားနည်းအကြောင်းများကို ထည့်သွင်းရှင်းပြထားပါသည်။၂၁ ရာစု ပညာသင်စနစ်၏ အရည်အချင်းလေးမျိုးကို အဓိက ရှင်းပြထား၍ သင်ယူမှုပတ်ဝန်းကျင်တွင်မည်သို့ပြန်လည် အသုံချရမည့်အကြောင်းများကိုလည်း ဆွေးနွေးထားပါသည်။
ယခုဟိုတယ်နှင့်ခရီးသွားလာရေးသင်ခန်းစာကို Swisscontact's မှ ကူညီပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပြီး သင်ခန်းစာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာကြီး လေးခုကို ခြုံငုံထည့်သွင်း ရေးသားထားပါသည်။
ယခု သင်ခန်းစာတွင် အပင်တွေနှင့် သဘာဝပတ်ဝန်းကျင်က သက်ရှိတွေအတွက် အရေးကြီးပုံ၊ သဘာဝပတ်ဝန်းကျင်ကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ နှင့် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတွေကို ထိခိုက်စေတဲ့ ပလတ်စတစ်အိတ်အသုံးပြုမှုကို ဘယ်လို လျှော့ချမလဲ၊ ဘယ်လိုခွဲခြားစွန့်ပစ်မလဲ၊ ဘာကြောင့် ပြန်သုံးသင့်လဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီသင်ခန်းစာမှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ချင်သူအတွက် လိုက်နာလုပ်ဆောင်ရမယ့် အကြောင်းအရာတွေကနေစပြီး အရောင်းလုပ်ငန်းတစ်ခုရဲ့ လုပ်ပုံကိုင်ပုံတွေအကြောင်းကို ရှင်းပြထားပါတယ်။ အရောင်းဝန်ထမ်းတစ်ဦးမှာ ရှိရမယ့် အသိပညာနဲ့ အတတ်ပညာအရည်အသွေးတွေအပြင် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပြောဆိုပြုမူပုံတွေအထိ ပါဝင်ပါတယ်။
View all of our course collection!