အရောင်းလုပ်ငန်းတစ်ခု၏ လုပ်ပုံကိုင်ပုံတွေနှင့် အရောင်းဝန်ထမ်းတစ်ဦးတွင် ရှိသင့်သည့် အသိပညာနဲ့ အတတ်ပညာအရည်အသွေးများ
အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ချင်သူအတွက် လိုက်နာလုပ်ဆောင်ရမယ့် အကြောင်းအရာတွေကနေစပြီး အရောင်းလုပ်ငန်းတစ်ခုရဲ့ လုပ်ပုံကိုင်ပုံတွေအကြောင်းကို ရှင်းပြထားပါသည်။ အရောင်းဝန်ထမ်းတစ်ဦးတွင် ရှိရမယ့် အသိပညာနဲ့ အတတ်ပညာအရည်အသွေးတွေအပြင် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပြောဆိုပြုမူပုံတွေအထိ ပါဝင်ပါသည်။ MPTA မှ ရေးဆွဲထားသော Curriculum ကို ဒစ်ဂျစ်တယ်သင်တန်းအဖြစ် ရေးဆွဲထားပါသည်။ အခြေခံ စာတွေ့ နှင့် လက်တွေ့ သရုပ်ပြမှုများ အချိုးကျကျ ထည့်သွင်းထားပြီး စာသင်ချိန်တွင်သာမက ကိုယ်ပိုင်အချိန်တွင်လဲ လေ့လာနိုင်ရန် ပေါင်းစပ်သင်ကြားသည့် နည်းလမ်းအဖြစ် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သင်တန်းသားတစ်ဦးအနေဖြင့် သင်ခန်းစာများပြီးစီးပါက လက်တွေ့နာရီပေါင်းများစွာ ပြန်လည် လေ့ကျင့်ပြီး သင်တန်းဆရာဖြစ်သူနှင့် ချိတ်ဆက်မေးမြန်းလေ့လာရန် လိုအပ်သည်။