မုန့်အမျိုးမျိုးပြုလုပ်ခြင်း

မုန့်ဖုတ်အတတ်ပညာနှင့် လုပ်ငန်းနယ်ပယ် အခြေအနေ

11 students
7 modules
Starts In: 0 minutes

Modules

Description

မုန့်ဖုတ်အတတ်ပညာလောကကို အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်စေဖို့ စားဖိုမှူးတစ်ယောက်မှာ ရှိသင့်တဲ့ အသိပညာ၊ အတတ်ပညာတွေအကြောင်း၊ စားဖိုမှူးရာထူးအဆင့်ဆင့်တွေအပါအဝင် လုပ်ငန်းနယ်ပယ်ရဲ့ အခြေအနေတွေအကြောင်းကို လေ့လာသင်ယူရမှာပါ။ ထို့အပြင် မုန့်ဖုတ်ခြင်းအတွက် လိုအပ်တဲ့ မီးဖိုချောင်သုံးစက်ကိရိယာတွေ၊ အသုံးအဆောင်ပစ္စည်းတွေအကြောင်းကိုလည်း ရှင်းပြထားပေးသလို မီးဖိုချောင်သန့်ရှင်းရေးကို ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုလည်း ထည့်သွင်းပေးထားပါသည်။ မုန့်ဖုတ်ခြင်းပညာအတွက်တော့ ပေါင်မုန့်အမျိုးမျိုး ပြုလုပ်ခြင်း၊ အချိုပွဲမုန့်များပြုလုပ်ခြင်းနဲ့ လဘက်ရည်ဆိုင်မု့န်များ ပြုလုပ်ခြင်းဆိုပြီး သုံးပိုင်းခွဲ ရှင်းပြပေးထားတာမို့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေနဲ့ လေ့လာနိုင်ကြမှာပဲ ဖြစ်ပါသည်။ MPTA မှ ရေးဆွဲထားသော Curriculum ကို ဒစ်ဂျစ်တယ်သင်တန်းအဖြစ် ရေးဆွဲထားပါသည်။ အခြေခံ စာတွေ့ နှင့် လက်တွေ့ သရုပ်ပြမှုများ အချိုးကျကျ ထည့်သွင်းထားပြီး စာသင်ချိန်တွင်သာမက ကိုယ်ပိုင်အချိန်တွင်လဲ လေ့လာနိုင်ရန် ပေါင်းစပ်သင်ကြားသည့် နည်းလမ်းအဖြစ် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သင်တန်းသားတစ်ဦးအနေဖြင့် သင်ခန်းစာများပြီးစီးပါက လက်တွေ့နာရီပေါင်းများစွာ ပြန်လည် လေ့ကျင့်ပြီး သင်တန်းဆရာဖြစ်သူနှင့် ချိတ်ဆက်မေးမြန်းလေ့လာရန် လိုအပ်သည်။